၁၇ ဩဂုတ်

 

 

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သတင်းအချက်အလက်များကို ခိုးယူရန် ရည်ရွယ်သည့် ဖြစ်နိုင်ခြေရှိသော ဆိုက်ဘာ တိုက်ခိုက်မှုများကို ကာကွယ်ရန် နိုင်ငံအတွင်းရှိ ဆေးဝါး ကုမ္ပဏီများနှင့် သုတေသနဌာနမှ ကာကွယ်ကြရန် ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးက တိုက်တွန်းထားလျက် ရှိသည်။ 

 

 

ဂျပန်နိုင်ငံတွင် ထိုကဲ့သို့သော ဟက်ကာများ၏ တိုက်ခိုက်မှုသည် အန္တရာယ် ကြီးမားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

 

 

ကိုရိုနာဗိုင်းရပ်စ်နှင့် ဆက်နွယ်သည့် အချက်အလက်များအား ယခုအချိန်အထိ ပြည်တွင်းတွင် မည့်သည့် တိုက်ခိုက်မှုမှ မရှိကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့်လ အတွင်းက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံရှိ ထောက်လှမ်းရေး အေဂျင်စီများသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ပတ်သက်သည့် သုတေသန အချက်အလက်များကို စုဆောင်းထားသည်များကို ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။

 

 

ဆိုက်ဘာ သူလျှိုအဖွဲ့သည့် နိုင်ငံ သုံးနိုင်ငံရှိ အဖွဲ့အစည်းများကို ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီက ထုတ်ပြန် ကြေညာချက်တွင် ပြောကြားခဲ့သည်။

 

 

ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် စမ်းသပ်ခြင်း၊ ဉာဏပစ္စည်းများ ပိုင်ဆိုင်မှုနှင့် သတင်းအချက်အလက်များကို ခိုးယူရန် အဆိုပါ အုပ်စုက ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းအေဂျင်စီက ပြောကြားခဲ့သည်။

 

 

အဆိုပါ အဖွဲ့အစည်းသည် ရုရှားထောက်လှမ်းရေး အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

 117386996_3680