mdn

၂၆ မေ

 

နယ်သာလန်ဝန်ကြီးချုပ် မက်ခ် ရက်တီဟာ  နောက်ဆုံးချိန်ရောက်နေတဲ့ မိခင်ကို သွားရောက်တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းအရ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွေကို သွားရောက်ခွင့် ပိတ်ပင်ထားတဲ့အတွက် ဝန်ကြီးချုပ်က ဂေဟာမှာ နေထိုင်တဲ့ မိခင်ကို မတွေ့နိုင်ခဲ့ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရဲ့ ရုံးခန်းမှ မနေ့(တနင်္လာနေ့) မှာ ထုတ်ပြန်ပြောကြားပါတယ်။

 

ဗြိတိန်နိုင်ငံက ဝန်ကြီးချုပ်ရဲ့အကြံပေးတစ်ဦးက ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီး မိသားစုနေအိမ်ကို သွားရောက် နေထိုင်တဲ့ သတင်းထွက်ပေါ်နေချိန်မှာ ဒီနယ်သာလန်ဝန်ကြီးချုပ်နဲ့ ပတ်သတ်တဲ့ သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

နယ်သာလန်ဝန်ကြီးချုပ်ရဲ့ မိခင် အသက် ၉၆ နှစ်အရွယ် မိုက်ကီ ရက်တီ-ဒီးလင်း ဟာ မေ ၁၃ ရက်နေ့က ဂေဟာမှ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ နယ်သာလန်မှာ မတ်လ ၂၀ ရက်ကစပြီး ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သတ်တဲ့ စည်းမျဉ်းကို ချမှတ်ခဲ့တာဖြစ်ပြီး အဲဒီစည်းမျဉ်းကို ဇွန်လ ၁၅ ရက်အထိ တိုမြှင့်လိုက်ကြောင်း သိရပါတယ်။

 

ဒါပေမယ့် တာဝန်ရှိသူတွေက မေ ၂၅ ရက်နေ့မှာတော့ တချို့ဂေဟာတွေက သက်ကြီးတွေကို လာရောက် တွေ့ဆုံခွင့် ပေးခဲ့ပါတယ်။ ဝန်ကြီးချုပ်က သူ့မိခင် ကွယ်လွန်ခြင်းနဲ့ ပတ်သတ်ပြီး သူနဲ့ သူ့မိသားစုဟာ မိခင်ဖြစ်သူနဲ့ အချိန်အကြာကြီး နေခွင့်ရတဲ့အတွက် ကျေနပ်ကြောင်း အဲဒီအကြောင်းအရာတွေက သတိယစရာတွေအဖြစ်ကျန်ရှိနေမှာ ဖြစ်ကြောင်း၊ မိခင်ဖြစ်သူတို့ နှုတ်ဆက်ရမယ့်အချိန်ရောက်ပြီ ဖြစ်ကြောင်းပြောဆိုပါတယ်။

 

နယ်သာလန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးမှာ တခြားဉရောပနိုင်ငံတွေထက်စာရင် တင်းကျပ်မှု လျော့နည်း ကြောင်း သိရပါတယ်။ နယ်သာလန်နိုင်ငံမှာ  ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ,၈၃၀ ဉီးရှိပြီး ပိုးတွေ့ရှိသူပေါင်း ၄၅,၄၄၅ ဦးရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP