၃၀ ဧပြီ

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုတားဆီးရန်ရည်ရွယ်သော ဗဟိုအစိုးရ၏ လမ်းညွှန်ချက်များကို ဧပြီလကုန်ထက်ကျော်လွန်၍ သက်တမ်းတိုးမည်မဟုတ်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

 

လူအများအတွက် မလိုအပ်သည့် ခရီးများသွားလာခြင်းကို ရှောင်ကြည်ရန် အကြံပြုသည့် လမ်းညွှန်ချက်များ သက်တမ်းကုန်ရန် တစ်ရက်အလိုတွင် ထရမ့်က သတင်းထောက်များသို့ ယမန်နေ့က ပြောကြားခဲ့သည်။

 

လက်ရှိ  ပြည်နယ်အုပ်ချုပ်ရေးမှူးများက အကောင်းမွန်ဆုံး လုပ်ဆောင်နေသည့်အတွက် လမ်းညွှန်ချက်များ မလိုအပ်တော့ကြောင်း ၄င်းက ပြောသည်။

 

အချို့သော စီးပွားရေးလုပ်ငန်းရှင်များ တောင်းဆိုထားသည့်အတိုင်း စီးပွားရေးပြန်လည်ဖွင့်လှစ်ရန် ထရန့်က အခွင့်အရေးပေးခြင်း ဖြစ်ပုံရသည်။

 

သို့သော်လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် ရောဂါမပြီးဆုံးသေးသဖြင့် အထူးသဖြင့် အဓိက မြို့ကြီးများနှင့် ပြည်နယ်များကို စီးပွားရေး ကန့်သတ်ချက်များနှင့်ပတ်သက်ပြီး သတိကြီးစွာ ထားရမည်ဖြစ်သည်ဟု ဆိုသည်။

 

တောင်ပိုင်းရှိပြည်နည်အချို့သည် စီးပွားရေးလုပ်ငန်းများကို တစ်စိတ်တစ်ပိုင်း ပြန်လည်စတင်ပြီး ဖြစ်သောကြောင့် အမေရိကန်ပြည်နယ်များအကြား ထိန်းချုပ်မှုမဟာဗျူဟာများ ကွာခြားမှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆိုသည်။

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်