၁၇ ဧပြီ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် အသွားအလာပိတ်ဆို့ထားတဲ့ အတွက်ကြောင့် ဉရောပကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့လမှာ ကားရောင်းချနှုန်း ၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ကားကုမ္ပဏီတွေရဲ့ ကုန်သွယ်ရေးအဖွဲ့က ဒီကနေ့ ပြောကြားပါတယ်။

 

ကားအသစ်မှတ်ပုံတင်ဌာနရဲ့ ပြောကြားချက်အရ ပြီးခဲ့တဲ့နှစ် ၂၀၁၉ မတ်လက ကားအစီးရေ ဒသမ သန်း ရောင်းချရပြီး ၂၀၂၀ ခုနှစ် မတ်လရဲ့ ရောင်းချရသည့် ကားစီးရေမှာ ပြီးခဲ့သည့်နှစ်ထက် ၅၅ ရာခိုင်နှုန်း လျှော့နည်းကြောင်းတစ်နည်းအားဖြင့် ကားအစီးရေ ၅၆၇,၃၀၈ စီး လျော့နည်းကြောင်း သိရပါတယ်။

 

ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံလုံးမှာ ကားရောင်းချမှုလျော့နည်းရာ အီတလီနိုင်ငံက အဆိုးဆုံးဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ၈၅ ဒသမ ရာခိုင်နှုန်း (၂၈၃၂၆ စင်း) ကျဆင်း၊ ပြင်သစ်နိုင်ငံမှာ ၇၂ ဒသမ ၂ ရာခိုင်နှုန်း၊ စပိန်နိုင်ငံမှာ ၆၉ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ဂျာမနီနိုင်ငံမှာတော့ ၃၇ ဒသမ ရာခိုင်နှုန်း ကျဆင်းကြောင်း ဉရောပမော်တော်ကား ထုတ်လုပ်ရေးအဖွဲ့က ပြောပါတယ်။

 

Fiat Chrysler ကားကုမ္ပဏီက ကားစီးရေ ရောင်းချရနှုန်း ၇၆ ဒသမ ရာခိုင်နှုန်းအထိ ကျဆင်းကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP