၁၁ ဇွန်

ကမ္ဘာတစ်ဝန်းမှာ ရောက်ရှိနေတဲ့ ထောင်ချီတဲ့ ပါလက်စတိုင်းတွေဟာ ရောက်ရှိရာနိုင်ငံမှာပဲ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သောင်တင်နေရာမှ အိမ်ပြန်ရန် နည်းလမ်းတွေရှာကြံနေကြကြောင်း သိရပါတယ်။

 

ပြင်သစ်နိုင်ငံရှိ ဖလောရင့် တက္ကသိုလ်မှာ မဟာဘွဲ့အတွက် ပညာသင်ကြားနေတဲ့ ပါလက်စတိုင်းလူမျိုး အက်စီးဘက်ဒါက ဇန်နဝါရီလကတည်း တူကန်နီကို ရောက်ရှိနေတာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရန် နိုင်ငံတွေက နယ်စပ်တွေ ပိတ်လိုက်တဲ့အတွက် သူ့အိမ်ကို  ပြန်ရန် အခက်တွေ့နေကြောင်း ဘက်ဒါက ပြောပါတယ်။ ပါလက်စတိုင်းကို ပြန်ဖို့ လက်မှတ် ဝယ်ယူရာ တွင် ရောက်ရှိနေတဲ့ နေရာမှာ ဆက်နေရှိနေတာဟာ လုံခြုံတယ်ဆိုတဲ့ အကြောင်းပြန်ကြားချက်ကို သာ ရရှိခဲ့ကြောင်း ဘက်ဒါက ဆက်ပြောပါတယ်။

 

ပါလက်စတိုင်းအာဏာပိုင်တွေကလည်း သူတို့ကို အိမ်ပြန်ဖို့ ဆက်သွယ်လာသူ ၆၀ဝ၀ ရှိပေမယ့် ပြန်ခေါ်ရေးမှာ အင်မတန် ရှုပ်ထွေးကြောင်းပြောပါတယ်။

 

ပါလက်စတိုင်းဝန်ကြီးချုပ်က ကမ္ဘာမှာ သူတို့အစိုးရအဖွဲ့တစ်ဖွဲ့သာ သောင်တင်နေတဲ့ ကျောင်းသားတွေနဲ့ တခြားလူတွေကို ပြန်ခေါ်ဖို့ မတတ်နိုင်တာဖြစ်ကြောင်း၊ သူတို့မှာ လေဆိပ်တစ်ခုမှ မပိုင်သလို၊ လေယာဉ်တစ်စီးမှ မပိုင်ကြောင်း ဒါ့အပြင့် သူတို့ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်လည်း မရှိကြောင်း ဒီအကြောင်းအချက်တွေကြောင့် သူတို့အတွက် နာကျင်စွာခံစားရကြောင်း အင်္ဂါနေ့က ပြောကြားပါတယ်။

 

နိုင်ငံခြားမှာ သောင်တင်နေတဲ့ ပါလက်စတိုင်းတွေက ဆိုရှယ်မီဒီယာ ဖေ့ဘုတ်ခ်ပေါ်မှာ       "Bring us back home" ပေ့ချ်ဖွင့်ပြီး ပါလက်စတိုင်း အာဏာပိုင်တွေကို သူတို့အား ပြန်လာခေါ်ဖို့ တောင်းဆိုနေကြပါတယ်။

MDN

ကိုးကား - AFP