၂၂ စက်တင်ဘာ

ဂျာမနီနိုင်ငံမြို့တော် မြူးနစ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု များပြားနေတဲ့အတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေကို လာမယ့် ကြာသပတေးနေ့ကစပြီး သက်ဝင်မယ်လို့ တနင်္လာနေ့မှာ ကြေညာသွားပါတယ်။

လူစည်ကားတဲ့ မြူးနစ်မြို့ရဲ့ လူစည်ကားနေရာတွေမှာ လူတိုင်း မျက်နှာဖုံး ဝတ်ဆင်ရမှာဖြစ်ပါတယ်။ မိသားစုနှစ်စု သို့မဟုတ် လူငါးဦးထက်ပိုပြီး စုဝေးခွင့်မရှိကြောင်းနဲ့ စာသောက်ဆိုင်တွေမှာလည်း လူဦးရေကန့်သတ်လိုက်ကြောင်း မြို့တော်ဝန်က ပြောပါတယ်။

မြူးနစ်မှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ လူဦးရေ ၁၀၀,၀၀၀ မှာ ၅၀ ဦးမှာ ပိုးတွေ့ရှိကြောင်း၊ ပြီးခဲ့တဲ့ သီတင်းပတ်က ၅၅ ဒသမ ၉ ဦးမှာ ပိုးတွေ့ရှိခဲ့တဲ့အတွက် တင်းကျပ်တဲ့ စည်းမျဉ်းတွေ ပြန်လည်ပြဋ္ဌာန်းလာတာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ တစ်နိုင်ငံလုံးအနေနဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူအရေအတွက်ဟာ ဧပြီလနောက်ပိုင်းမှာ အများဆုံးဖြစ်လာပါတယ်။

မနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၉၂၂ ဦးရှိရာ ပိုးတွေ့ရှိသူ ၂၇၂,၃၃၇ ဦးရှိပြီး သေဆုံးသူ ၉,၃၈၆ ဦးရှိကြောင်း ဂျာမနီနိုင်ငံရဲ့ ကူးစက်ရောဂါပိုးဆိုင်ရာ Robert Koch Institute ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

MDN

ကိုးကား - AFP