၉ စက်တင်ဘာ
ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေး ထုတ်လုပ်ရေး ရှေ့တန်းက ရောက်နေတဲ့ အောက်စဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်နေတဲ့ ကာကွယ်ဆေးကို လူတွေ စမ်းသပ်နေရာ စမ်းသပ်ခံ တစ်ဦးဟာ ဖျားနာလာတဲ့အတွက် ကာကွယ်ဆေး စမ်းသပ်ခြင်းကို ရပ်နားထားကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာပါတယ်။
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရသူ ၂၇ သန်းကျော် ရှိနေစဉ် ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဟာလည်း ၉ သိန်းနီးပါး ရှိနေတဲ့ ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်နေကြပါတယ်။
နောက်ဆုံး စမ်းသပ်မှု အဆင့်ကို ရောက်ရှိနေတဲ့ ကုမ္ပဏီ ၉ ခုထဲမှာ AstraZeneca ဆေးကုမ္ပဏီလည်း ပါဝင်တာကို တွေ့ရပါတယ်။
ရုရှားနိုင်ငံကတော့ ကာကွယ်ဆေးကို ထုတ်လုပ်ခွင့် ပြုထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ထုတ်ဝေခဲ့တဲ့ The Lancet ဆေးပညာဂျာနယ်မှာ ဆောင်းပါးထဲမှာ ကာကွယ်ဆေး စမ်းသပ်ခံသူ ပမာဏာဟာ နည်းလွန်းတဲ့အတွက် သတိထားဖို့ လိုအပ်ကြောင်း ရေးသားထားပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်နေတဲ့ ကာကွယ်ဆေးကို စမ်းသပ်ခြင်း အဆင့် ၃ အနေနဲ့ လူ ပေါင်း ၃၀,၀၀၀ လောက် ပါဝင်ကြောင်း၊ အဲဒီလူတွေဟာ အမေရိကန်၊ ဗြိတိန်၊ ဘရာဇီး၊ တောင်အာဖရိက နိုင်ငံတွေက ဖြစ်ကြောင်း သိရပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့က ကာကွယ်ဆေး ထိုးသူတိုင်းရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးဟာ သူတို့ရဲ့ အဓိက အချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
MDN
ကိုးကား- AFP
