၇ ဩဂုတ်
ကမ္ဘာမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရေး မသေချာသေးတဲ့အတွက် ရွှေဈေးဟာ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၂,ဝဝဝ ကျော်အထိ ရောက်ရှိနေတာကို တွေ့ရပါတယ်။
ငွေအပါအဝင် ရွှေဈေး ဟာ ၂၀၂၀ ပြည့်နှစ် အစပိုင်းကစပြီး ဈေးတက်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ဆက်လက် များပြားနေတဲ့အတွက် ရွှေဈေးဟာ ၃၀ ရာခိုင်နှုန်းကျော် အထိ တက်လာတာကို ဒီသီတင်းပတ် အစမှာ တွေ့ရပါတယ်။
ရင်းနှီးမြှုပ်နှံသူ အချို့က ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုအပြင် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကြားက တင်းမာမှုတွေဟာ ရွှေဈေးနှုန်း တက်လာအောင် လုပ်နေတဲ့အချက် ဖြစ်တယ်လို့ ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် ထိခိုက်ခဲ့တဲ့ စီးပွားရေးကို ကယ်ဆယ်ရန် နိုင်ငံတကာ အစိုးရတွေက အမေရိကန်ဒေါ်လာ ၂၀ ထရီလီယံ သုံးစွဲထားကြောင်း Bank of America ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီနှစ် ခရစ္စမတ် အချိန်မှာ ရွှေဈေးဟာ တစ်အောင်စကို ၂,၂၀ဝ အထိ ရောက်သွားနိုင်သလို၊ တခြားတန်ဖိုးကြီး သတ္တုတွေဖြစ်တဲ့ ငွေ၊ ပလက်တီနမ် ဈေးနှုန်းတွေဟာလည်း တက်လာမယ်လို့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။
MDN
ကိုးကား - AFP