ဗက်တီးရီးယားတွေကို အံ့မခန်းတိုက်ဖျက်နိုင်တဲ့ သဘာဝပျားရည်

၂၈ ဇန်နဝါရီ

 

လူသားတွေဟာပျားရည်ကို ကျောက်ခေတ်ကတည်းက နှစ်ခြိုက်စွာ သုံးစွဲလာခဲ့ကြပါတယ်။ ဘီစီ ၇ဝဝဝ လောက်မှာ ပျားဖယောင်းကို ရှာတွေ့ခဲ့ကြပြီး အများစုက မိုးရေမစိုစွတ်ဖို့ အကာအရံအနေနဲ့ အသုံးပြုခဲ့ကြပါတယ်။

 

ရှေးခေတ်အီဂျစ် လူမျိုးတွေဟာ ပျားရည်ကို နတ်ဘုရားတွေကို ပူဇော်ပသခဲ့ကြပြီး အဲဒီကနေ ဂရိ၊ ရောမနဲ့ တရုတ်လူမျိုးတွေဟာဆိုရင် ပျားရည်ကို ထိခိုက်ဒဏ်ရာတွေ၊ ဖျားနာ တာတွေနဲ့ အစာအိမ်ရောဂါတွေကို ကုသဖို့အတွက် ထည့်သွင်းအသုံးပြုလာခဲ့ကြပါတယ်။

 

ယနေ့ခေတ်မှာဆိုရင်တော့ ပျားရည်ရဲ့တန်ဖိုးကို သိလာကြတဲ့ ဝါဒဖြန့်ကြော်ငြာသူတွေက ပျားရည်ရဲ့ အံ့သြလောက်တဲ့ ဂုဏ်သတ္တိတွေကို ထုတ်ဖော်လာကြပါတယ်။ ပျားရည်ဟာ ကင်ဆာကို ကာကွယ်နိုင်တယ်။ နှလုံးရောဂါမဖြစ်အောင် တားဆီးပေးနိုင်တယ်။

 

အစာအိမ်လမ်းကြောင်းမှာဖြစ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်တယ်။ ပြည်တည်တဲ့အနာတွေကို သက်သာစေနိုင်တယ်။

 

သွေးတွင်းသကြား ပမာဏကို လျှော့ချပေးနိုင်တယ်။ လည်ချောင်းနာခြင်းကို သက်သာပျောက်ကင်းစေနိုင် တယ်။ ချောင်းဆိုးခြင်းကို ကုသနိုင် တယ်။ ပြေးခုန်ပစ်အားကစားသမားတွေကို ပိုပြီးစွမ်းဆောင်ရည်မြင့်မားစေ နိုင်တယ်စသဖြင့် ပျားရည်ရဲ့ မကုန်ခန်းနိုင်တဲ့ ကောင်းကျိုးတွေကို တွေ့မြင်လာရပါတယ်။

 

ပျားရည်ရဲ့ဂုဏ်သတ္တိ

 

ပျားရည်ဟာ ဗက်တီးရီးယားတွေကို သေစေနိုင်တဲ့ စွမ်းအားရှိတယ်ဆိုတာကို သံသယဖြစ်စရာမရှိပါဘူး။ ပျားရည်ဟာ အစာအဆိပ်ဖြစ်စေနိုင်တဲ့ ဗက်တီးရီးယားပိုးနဲ့ အားစိုက်ဗီဇများစွာကိုဆန့်ကျင်ရာမှာ သိပ်ပြီးထိရောက် မှုရှိတာကို လေ့လာမှုရလဒ်တွေက ပြသခဲ့ပါတယ်။

 

မာနူကာပျားရည်လို့ခေါ်တဲ့ နယူးဇီလန်က ထွက်တဲ့ပျားရည် အမျိုးအစားနဲ့ မလေးရှားကထွက်တဲ့ Tualang ပျားရည်အမျိုးအစားဟာဆိုရင် ပြည်တည်နာဖြစ်စေတဲ့ ဗက်တီးရီးယားပိုးနဲ့ အစာချေစနစ်ကို ဒုက္ခပေးတဲ့ ဗက်တီးရီးယားပိုးကို တိုက်ဖျက်နိုင်တာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒီဗက်တီးရီးယားပိုးတွေဟာ H.pylori လို့ခေါ်တဲ့ အစာအိမ်၊ အူသိမ် အနာကို ဖြစ်ပွားစေပြီး ပျားရည်က ဒီဗက်တီးရီးယားတွေကို ကောင်းကောင်း တိုက်ထုတ်ပစ်နိုင်ပါတယ်။ သေးငယ်တဲ့ ဗက်တီးရီးယားတွေကို ပျားရည်က ဘာကြောင့်တိုက်ထုတ်နိုင်တာလဲ ပျားကောင်အများစု ဟာ ပန်းပွင့်တွေရဲ့ဝတ်မှုန်ကနေ ဓာတ်စုပေါင်း မှုကိုဖြစ်စေပြီး ပျားရည်ထဲ မှာ ဟိုက်ဒရိုဂျင်ပါ အောက်ဆိုက်ကို ထည့်သွင်းလိုက်ပါတယ်။

 

ဒီလိုပေါင်းထည့်လိုက်တဲ့ပျားရည်ဟာ သဘာဝအလျောက် အက်စစ်ဓာတ် ပါဝင်မှုရှိနေပြီး ဗက်တီးရီးယား တွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိတွေထွက်ပေါ်လာရပါတော့တယ်။

 

(ကိုးကား- စီအင်န်အင်န်)

ကလျာမိုးမြင့်