ဗန်ဂိုး အဆုံးစီရင်ရာမှာ အသုံးပြုခဲ့တဲ့ သေနတ်ကို လေလံတင်ရောင်းချ

၂၀ ဇွန်

 

ကမ္ဘာကျော် ဒတ်ချ်ပန်းချီဆရာ ဗင်းဆင့် ဗန်ဂိုး ဟာ ၁၈၉၀ ဇူလိုင်က မိမိကိုယ်ကို အဆုံးစီရင်ရာတွင် အသုံးပြုခဲ့တဲ့ Lefaucheux ပစ်စတိုကို မနေ့ကပြင်သစ်နိုင်ငံမှာ လေလံတင်ရောင်းချခဲ့ပါတယ်။ အဲဒီပစ်စတိုသေနတ်ဟာ အနုပညာသမိုင်းကြောင်းမှာ ထင်ရှားခဲ့တဲ့ လက်နက်ပစ္စည်း တစ်ခုဖြစ်တဲ့အတွက်   အမေရိကန်ဒေါ်လာ ၁၈၂, ဝ၀ဝ ပေးပြီး တယ်လီဖုန်းကနေ တစ်ဆင့် ဝယ်ယူသွားပါတယ်။

 

မြေကြီးထဲမှာ ၇၅ နှစ် မြုပ်နေခဲ့ပြီး လူတွေကိုသေစေနိုင်တဲ့လက်နက် မဖြစ်တော့ကြောင်း စမ်းသပ်ပြီးမှ လေလံတင်ရောင်းချခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

 

ဗန်ဂိုးဟာ ကိုယ့်ကိုကိုယ် အဆုံးမစီရင်ခင် ပြင်သစ်မြောက်ပိုင်းက အော်ဘဲစူဝှပ်စ် မှာ ၃၊ ၄ လ နေထိုင်ခဲ့ပါတယ်။ ၁၉၆၅ ခုနှစ်မှာ ဗန်ဂိုး အဆုံးစီရင်ခဲ့တဲ့ ယာခင်းထဲကနေ လယ်သမားတစ်ဦးက ပြန်လည်တူးဖော်ရရှိခဲ့ပါတယ်။ အဲဒီပစ်စတိုကို အမ်စတာဒန်ရှိ ဗန်ဂိုးပြတိုက်မှာ ပြသခဲ့တာ လေလံမတင်ခင်အချိန်အထိ ဖြစ်ပါတယ်။ 

 

ဗန်ဂိုးဟာ သူတည်းခိုတဲ့ တည်းခိုခန်းပိုင်ရှင်ရဲ့သေနတ်ကို ငှားရမ်းကာ အဆုံးစီရင်ခဲ့တာဖြစ်ပြီး သေနတ်ဒဏ်ရာကို ပြန်လည်ကုသဖို့ကြိုးစားရင်း ၃၆ နာရီအကြာမှာ ကွယ်လွန်ခဲ့ပါတယ်။ 

 

ဗင်ဂိုး မကွယ်လွန်ခင် နှစ်နှစ်ကလည်း ပြင်သစ်တောင်ပိုင်းက အာလေးရှိ ပြည့်တန်ဆာအခန်းက အမျိုးသမီးတစ်ဦးကို နားရွက်တစ်ဖက် ဖြတ်ပေးခဲ့ဖူးပါတယ်။ 

 

ဗင်ဂိုးအဆုံးစီရင်ရာမှာ အသုံးပြုခဲ့သောသေနတ်ကို တွေ့ရှိတဲ့လယ်သမားက ၁၉၆၅ ခုနှစ်မှာ တည်းခိုခန်းပိုင်ရှင်ကို ပြန်ပေးခဲ့ရာ တည်းခိုခန်းပိုင်ရှင် မိသားစုက အခုလေလံပွဲမှာ ရောင်းချခဲ့တာဖြစ်ပါတယ်။ 

 

MDN
ကိုးကား - AFP