ကာရာကတ်စ် ၆ မေ
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုက နိုင်ငံအတွင်း တင်းမာမှုများ မြင့်တက်နေစဉ်တွင် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ညီညွတ်မှုရှိစေရန် တိုက်တွန်းပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ သိရသည်။
လွန်ခဲ့သော ရက်သတ္တပတ်က အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက သမ္မတ မာဒူရိုအား ရာထူးမှဖြုတ်ချရန် အပြင်းအထန် ကြိုးပမ်းလုပ်ဆောင်ခဲ့ပြီးနောက်ယခုကဲ့သို့ သမ္မတ မာဒူရိုက ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အား ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်တပ်ဖွဲ့များက အချိန်မရွေး ကျူးကျော်တိုက်ခိုက်လာနိုင်သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အမိမြေကိုကာကွယ်ရန် အသင့်အနေအထားတွင် ရှိရန်လိုအပ်ကြောင်း သမ္မတ မာဒူရိုက ကိုဂျီဒီး ပြည်နယ်ရှိအ့န the Jose Laurencio Silva စစ်သင်တန်းကျောင်း၌ ဗိုလ်လောင်းများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် သမ္မတ မာဒူရိုနှင့် အတိုက်အခံခေါင်းဆောင် ဂွါအီဒိုတို့အကြား တင်းမာမှုများ မြင့်တက်လျက်ရှိသည့်အတွက် နိုင်ငံအတွင်း နိုင်ငံရေးမငြိမ်မသက်မှုများ ဖြစ်ပွားလျက်ရှိသည်။
မေ ၂ ရက်က အတိုက်အခံခေါင်းဆောင် ဂွါအီဒိုက ဗင်နီဇွဲလားပြည်သူများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား သမ္မတ မာဒိုရိုအား ဖြုတ်ချနိုင်ရေး ပူးပေါင်းဆန္ဒထုတ်ဖော်ရန် တိုက်တွန်းခဲ့သည်။ သို့သော် ယင်းသို့ကြိုးပမ်းမှုကိုသမ္မတ မာဒူရိုကိုထောက်ခံသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့သည်။
အေအက်ဖ်ပီ