၁ မေ

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကာရာကတ်မြို့ရဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြားက ပဋိပက္ခတွေ မနေ့(အင်္ဂါနေ့)က ဖြစ်ပွားရာ အတိုက်ခံခေါင်းဆောင် ဝမ်ဂွိုက်ဒိုက်က ဗင်နီဇွဲလားစစ်တပ်ကို သမ္မတ နီကိုလပ်စ် မာဒူရို အား ဆန့်ကျင်ဖို့ တောင်းဆိုခဲ့ပါတယ်။ အာဏာသိမ်းဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဂွိုက်ဒိုက ပြောကြားပါတယ်။ ဆန္ဒပြပွဲတွေဟာ ဒီကနေ့ (ဗုဒ္ဓဟူးနေ့) မှာ အရှိန်အဟုန်နဲ့ ဆက်လက်လုပ်ဆောင်မယ်လို့ သိရပါတယ်။

 

mdn

 

မနေ့ညနေပိုင်းက သမ္မတ မာဒူရိုက ရုပ်မြင်သံကြားနဲ့ ရေဒီယိုကနေ သူအောင်မြင်ကြောင်းနဲ့ ပဋိပက္ခကို နှိမ်နင်းပေးခဲ့တဲ့ စစ်တပ်ကို ကျေးဇူးတင်ကြောင်း၊ အာဏာသိမ်းဖို့ကြိုးစားသူတွေကို ဖွဲ့စည်းအုပ်ချုပ်ပုံကို ဆန့်ကျင်မှုနဲ့ တရားဥပဒေနဲ့ ငြိမ်းချမ်းရေးကို ဆန့်ကျင်မှုတွေနဲ့ တရားစွဲဆိုသွားမယ်လို့   ပြောဆိုပါတယ်။

 

mdn

 

အသက် ၃၅ နှစ်အရွယ် အတိုက်ခံခေါင်းဆောင် ဂွိုက်ဒိုက် ကို အမေရိကန်နိုင်က ချက်ချင်း ထောက်ခံတာကို တွေ့ရပါတယ်။ သမ္မတ ထရန့်က အမေရိကန်အနေနဲ့ ဗင်နီဇွဲလားပြည်သူတွေနဲ့ သူတို့ရဲ့ လွတ်လပ်ခွင့်ကို ထောက်ခံကြောင်း တွစ်တာမှာ ရေးသားလိုက်ပါတယ်။

 

mdn

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အတိုက်ခံခေါင်းဆောင် ဂွိုက်ဒိုက La Carlota လေတပ်စခန်းရှေ့မှာ စစ်တပ်ကို သူနဲ့ ပူးပေါင်းဖို့ တိုက်တွန်းပြောဆိုထားတဲ့ ဗီဒီယိုထဲမှာ ဂွိုက်ဒို နဲ့အတူ အဓိက အတိုက်ခံခေါင်းဆောင် လီရိုပိုဒို လိုပက်စ် ပါတွေ့ရှိခဲ့ပါတယ်။ အတိုက်ခံခေါင်းဆောင် လိုပက်စ်ဟာ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံ နေခဲ့ပေမယ့် စစ်သားတွေက လွှတ်လိုက်ကြောင်း သိရပါတယ်။

 

mdn

 

လေတပ်စခန်းအနီးရှိ အမြန်လမ်းမပေါ်မှာ ထောင်ချီတဲ့ အတိုက်ခံခေါင်းဆောင်တွေကို ထောက်ခံသော ဗင်နီဇွဲလားအလံတွေဝှေ့ရမ်းနေတဲ့ ဆန္ဒပြသူတွေကို စခန်းဝင်းအတွင်းက စစ်သားတွေက မျက်ရည်ယိုဗုံးနဲ့ သေနပ်နဲ့ပါ ပစ်ခတ်နှိမ်နင်းခဲ့ရာ သေနတ်ဒဏ်ရာရသူ ၂ ဦးအပါအဝင် လူ ၆၉ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။

 

mdn

 

သမ္မတ မာဒူရိုဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ကျူးဘားကို ထွက်ပြေးဖို့ အဆင်သင့်ဖြစ်နေခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မနေ့က ဗင်နီဇွဲလား စစ်သား ၂၅ ဦးဟာ ကာရာကတ်မြို့ရှိ ဘရာဇီးသံရုံးမှာ ခိုလှုံခွင့်တောင်းခဲ့ကြောင်း သတင်းတွေမှာ ရေးသားထားပါတယ်။

ရေနံချမ်းသာတဲ့ ဗင်နီဇွဲလားနိုင်ငံရဲ့ မာဒူရိုကို အဓိက ထောက်ခံနေသူတွေဖြစ်တဲ့ ရုရှား နဲ့ တရုတ်နိုင်ငံတွေဖြစ်တယ်လို့ သိရပါတယ်။

MDN
ကိုးကား - AFP

 

mdn