ကာရာကတ် ၂၉ ဧပြီ

 

ဗင်နီဇွဲလားနိုင်ငံ၏ စီးပွားရေးအသက် သွေးကြောဖြစ်သည့် ရေနံတင်ပို့မှုအပေါ် အမေရိကန်က ပိတ်ဆို့မှုပြစ်ဒဏ်ချမှတ်ထားရာ တနင်္ဂနွေနေ့တွင် အသက်ဝင်လာ မည်ဖြစ်သည်။

 

လက်ဝဲစွန်းရောက်သမ္မတ နီကိုလပ် မာဒူရိုကို ဖြုတ်ချနိုင်ရေး အဓိကမျှော်လင့် ချက်ဖြစ်လာမည်ဖြစ်သည်။ ဝါရှင်တန် စံတော်ချိန် နံနက် ၁၂ နာရီမှစတင်ကာ ဗင်နီဇွဲလားနိုင်ငံပိုင် ရေနံကုမ္ပဏီဖြစ်သည့် Petroleos de Venezuela သို့မဟုတ် ယင်းကုမ္ပဏီနှင့် လုပ်ကိုင်သည့်မည်သူကိုမဆို ပိတ်ဆို့မှုပြစ်ဒဏ်ချမှတ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

ယခုတစ်ကြိမ်ပိတ်ဆို့မှုသည် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ဖြုတ်ချရန်နှင့် အတိုက်အခံခေါင်းဆောင် ဂွိုက်ဒိုကို သမ္မတအဖြစ် လက်ခံနိုင်ရေး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရ၏ ကြိုးပမ်းမှုတစ်ရပ်လည်းဖြစ်သည်။ မစ္စတာဂျူအန် ဂွိုက်ဒိုကို လက်တင်အမေရိကနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၅၀ ခန့်က နိုင်ငံ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားသည်။ ယင်းကဲ့သို့ ပဋိပက္ခများမဖြစ်ပွားမီက ဗင်နီဇွဲလားနိုင်ငံသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၅၀ဝဝဝ ခန့် အမေရိကန်သို့ တင်ပို့ခဲ့သည်။

 

အမေရိကန်သည် ဗင်နီဇွဲလားနိုင်ငံ၏ အကြီးဆုံး ဖောက်သည်လည်းဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံမှ ရေနံဝယ်ယူသည့် တတိယအများဆုံး နိုင်ငံလည်းဖြစ်သည်။ သို့သော် အိန္ဒိယကုမ္ပဏီများသည် အမေရိကန်၏ပိတ်ဆို့မှု ပြစ်ဒဏ်ခြိမ်းခြောက်မှုများနှင့်ရင်ဆိုင်ခဲ့ရသည်။

 

သမ္မတ မာဒူရို သည် လွန်ခဲ့သည့်နှစ်က အငြင်းပွားဖွယ် ကိစ္စများနှင့် ပြန်လည်ရွေးကောက်ခံရပြီး ပုံမှန်မဟုတ်သည့် ရွေးကောက်ပွဲလုပ်ရပ်များကြောင့် ပြင်းထန်စွာဝေဖန်ခံနေရသည်။

 

အေအက်ဖ်ပီ