၇ ဖေဖော်ဝါရီ

 


ဗင်နီဇွဲလားနိုင်ငံရေးနဲ့ပတ်သတ်ပြီး ဥရောပ ၈ နိုင်ငံနဲ့ လက်တင်အမေရိကားနိုင်ငံ ၅ နိုင်ငံတို့ ဥရုဂွေးနိုင်ငံမြို့တော်မှာ ဒီကနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။ 

 

m

 

ဗင်နီဇွဲလားအတိုက်ခံခေါင်းဆောင် စင်ပြိုင်သမ္မတ ဂွိုက်ဒို စီစဉ်ထားတဲ့ အကူအညီပစ္စည်းတွေကို သမ္မတ မာဒူရိုကိ်ု ထောက်ခံတဲ့ ဗင်နီဇွဲလား စစ်တပ်က နိုင်ငံတွင်းဝင်မရအောင် နယ်စပ်ဂိတ်တွေ ပိတ်ထားပါတယ်။ 

 


ကိုလံဘီယာ ရေဒီယိုနဲ့ မေးမြန်းခန်းမှာ ဂွိုက်ဒို က ဗင်နီဇွဲလားစစ်တပ်ဟာ လူသားတွေအပေါ်မှာ တစ်ဆံခြည်မျှ  စာနာမှုမရှိတဲ့ အာဏာရှင်စနစ် ကိုရွေးမလား၊ အခြေခံဥပဒေကို ရွေးမလား ဆုံးဖြတ်ရမယ့် အခြေအနေမှာရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ 

m

 

အကူအညီပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကားတွေက ဗင်နီဇွဲလားနဲ့ ကိုလံဘီယာနယ်စပ်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ရောက်ရှိစဉ် ဗင်နီဇွဲလားစစ်တပ်က နယ်စပ်ကို ပိတ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက “မာဒူရို ရဲ့ အမိန့်နဲ့ အကူအညီပစ္စည်းတွေကို ပိတ်ထားတာဖြစ်တယ်။ ဆာလောင်နေတဲ့ လူထုဆီကို အကူအညီတွေ ရောက်အောင် ဖွင့်ပေးလိုက်ပါ” လို့ တွစ်တာမှာ ရေးသားထားပါတယ်။ 

 

n

 

ဇန်နဝါရီ ၂၃ စင်ပြိုင်သမ္မတအဖြစ်ကြေငြာထားတဲ့  ဂွိုက်ဒိုကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဘရာဇီးနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်က ထောက်ခံထားပါတယ်။ 

 


မာဒူရိုအစိုးရကို ရုရှား၊ တရုတ်၊ တူရကီ၊ ကျူးဘားနဲ့ အီရန်နိုင်ငံတွေ ထောက်ခံနေတာကို တွေ့ရပါတယ်။ 

 


MDN
ကိုးကား - AFP

 

n