ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အစည်းအဝေးအတွက် နိုင်ငံ ၁၀ဝ ကို ဖိတ်ကြားခဲ့ကြောင်း ပီရူး ပြော 

၅ ဇူလိုင်

 

နောက်လတွင် ကျင်းပမည့် ဗင်နီဇွဲလားနိုင်ငံဆိုင်ရာ အစည်းအဝေးပွဲအတွက် အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၀ဝ ကို ဖိတ်ကြားခဲ့ကြောင်း ပီရူးနိုင်ငံက ပြောကြားသည်။ 

 

mdn

 

အဆိုပါ အစည်းအဝေးပွဲကို သြဂုတ်လ ၆ရက်တွင် လီမာမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း ပီရူးနိုင်ငံခြားရေးဝန်ကြီး နစ်စတာ ပိုပိုလီဇီယိုက ပြောကြားသည်။ 

 

ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရို၏ အစိုးရနှင့် အတိုက်အခံကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မရှိခဲ့ကြောင်း မီဒီယာအချို့က ၄င်းကို ကိုးကား၍ ဖော်ပြသည်။

 

ယခုအစည်းအဝေးမှာ နိုင်ငံရေးအရ သွေးကွဲမှုများဖြစ်ပေါ်နေသည့် ဗင်နီဇွဲလားနိုင်ငံမှ အစိုးရနှင့်အ တိုက်အခံ ထောက်ခံသူများပါဝင်သည့် ပထမဦးဆုံးသော နိုင်ငံတကာအစည်းအဝေး ဖြစ်လာမည်ဖြစ်သည်။

 

အမေရိကန်ပြည်ထောင်စုသည် မာဒူရိုအစိုးရအပေါ် ပိတ်ဆို့အရေးယူမှုများကို တိုးမြင့်လိုက်ပြီးနောက် အတိုက်အခံခေါင်းဆောင်း ကြားဖြတ်သမ္မတ ဟွမ်ဂွီဒိုကို ထောက်ခံခဲ့သည်။ 

 

ရုရှားနှင့် တရုတ်နိုင်ငံတို့ကို ကျောထောက်နောက်ခံပြုထားသည့် မာဒူရိုက စစ်တပ်နှင့် တရားရေးမ ဏိုင်ကို ထိန်းချုပ်ခဲ့ပြီး အတိုက်အခံခေါင်းဆောင် ဂါဒီရိုအပေါ် ဖိအားများ တိုးမြင့်လိုက်သည်။ 

 

ဗင်နီဇွဲလားနိုင်ငံသား လေးသန်းခန့်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်