အောက်တိုဘာ ၁၄

ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်း ဘိုလီဗာပြည်နယ်တွင် ရွှေတွင်းတစ်ခု ပြိုကျမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အမျိုးသားအန္တရာယ်စီမံခန့်ခွဲမှုစနစ်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတွင်းပြိုကျမှုသည် Roscio ဒေသ El Callao မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့ရာမှ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးသတ်သမားများနှင့် အရပ်ဘက် ကာကွယ်ရေး အရာရှိများက ရေမြုပ်နေသည့် နေရာမှ ရုပ်အလောင်းများကို ပြန်လည် ဆယ်ယူရန် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

Roscio မြို့တော်ဝန် Wuihelm Torrellas က သေဆုံးသူများ၏ မိသားစုများထံ ဝမ်းနည်းကြောင်း တရားဝင်ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို