ဖေဖော်ဝါရီ ၂၂

ဗင်နီဇွဲလားနိုင်ငံ အရှေ့တောင်ပိုင်း ဘိုလီဗာပြည်နယ် အန်ဂို့ယူအာမြို့ လာပါရာဂါဒေသတွင် သတ္တုတွင်းပြိုကျမှုဖြစ်ပွား ပြီးနောက် ၁၅ ဦး သေဆုံးပြီး အခြား ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဗင်နီဇွဲလားနိုင်ငံသမ္မတ နီကိုလပ်မာဒူရိုက ယမန်နေ့ညက ပြောကြားသည်။ အဆိုပါမတော်တဆမှုဖြစ်ပွားပြီးနောက် သတ္တုတွင်းတွင်ပိတ်မိနေသူများကိုရှာဖွေရန် ၎င်းဒေသရှိမြေပြင်နှင့်ဝေဟင်တွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့များ ဖြန့်ချထားကြောင်း သမ္မတက ထပ်လောင်း ပြောသည်။ ထိုသတ္တုတွင်းကိုတူးဖော်မှုအချို့ပြုလုပ်ပြီးနောက် မီတာ ၃၀ အနက် အထိပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ တွင်းပြိုကျမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်ရန်ဆုံးဖြတ်ထားသည်ဟု မာဒူရိုကဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို