၂ ဇူလိုင်
ဗင်နီဇွဲလားနိုင်ငံရွေးကောက်ပွဲကို ဒီဇင်ဘာ ၆ ရက်နေ့မှာ ကျင်းပမယ်လို့ အမျိုးသားရွေးကောက်ပွဲ ကောင်စီက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ အဓိက အတိုက်အခံပါတီတွေ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်လို့ သန္နိဋ္ဌာန်ချထားပြီးဖြစ်ပါတယ်။
ဗင်နီဇွဲလားအစိုးရအတွင်းမှာ အမျိုးသားလွှတ်တော်ဟာ အတိုင်အခံတွေ ထိန်းချုပ်ထားတဲ့ တစ်ခုတည်းသော အစိုးရယန္တရားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသားလွှတ်တော်ဟာ ၂၀၁၇ ခုနှစ်ကတည်းက အာဏာမရှိတဲ့ကြောင်း သမ္မတ မာဒူရို အစိုးရ ထိန်းချုပ်ထားတဲ့ ဗဟိုတရားရုံးကနေ အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာပြီးဖြစ်ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အင်ဒီရာ အယ်ဖွန်ဇိုက ရွေးကောက်ပွဲရက်ကို အစိုးရပိုင် ရုပ်မြင်သံကြားကနေ ဗုဒ္ဓဟူးနေ့က ကြေညာသွားပါတယ်။
အမျိုးသားလွှတ်တော် ခေါင်းဆောင်လည်းဖြစ် အတိုက်ခံခေါင်းဆောင်လည်းဖြစ်တဲ့ ဂွိုက်ဒိုက သမ္မတ မာဒူရိုဟာ ပွင့်လင်းမြင်သာမှု အနည်းဆုံးပါဝင်တဲ့ ဆွေးနွေးပွဲတောင် မလုပ်ခဲ့ဘဲ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်တာဖြစ်ကြောင်း ပြောကြားပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက သူတို့ရဲ့ ကိုယ်စားလှယ်လောင်း စာရင်းကို ဩဂုတ် ၁၀-၁၉ ရက်အတွင်း တင်သွင်းရမှာ ဖြစ်ပြီး မဲဆွယ်ပွဲကာလကတော့ နိုဝင်ဘာ ၂၁ မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ သတ်မှတ်ထားပါတယ်။
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအရေအတွက်ကို ၁၆၇ ဦး မှ ၂၇၇ ဦး အထိ တိုးမြှင့်ထားကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP