ကန်ဘာရာ  ဇူလိုင်  ၂

ဗင်နီဇွဲလားနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန်  အမေရိကန်ဒေါ်လာ  ၁  ဒသမ ၄ သန်းခန့် ကူညီပေးသွားမည်ဟု ဩစတြေးလျအစိုးရက ဇူလိုင် ၂ ရက်တွင် ကတိပြုပြောကြားခဲ့သည်။

ဇွန်  ၂၄ ရက်က ဗင်နီဇွဲလားနိုင်ငံ မြောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးနှစ်ခုကြောင့်  ထိခိုက်ခံစားခဲ့ရသည့် ဒေသများရှိ လူမှုအသိုက်အဝန်းများကို  အဆိုပါရန်ပုံငွေဖြင့် ထောက်ပံ့ကူညီသွားမည်ဟု  ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်နှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး အန်အလီ က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အရေးပေါ် အစားအသောက်၊ ခိုလှုံရာနေရာ၊ ရေ၊ မိလ္လာစနစ်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးတို့အတွက် ဩစတြေးလျနိုင်ငံမှ ကူညီပေးသည့် ရန်ပုံငွေများကို  အသုံးပြုသွားမည်ဖြစ်သည်။ ထို့ပြင် ကယ်ဆယ်ရေးသမားများနှင့် ဒေသဆိုင်ရာအာဏာပိုင်များအတွက် သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက်ပါ အထောက်အကူပြုမည်ဟု သိရသည်။          

ဆင်ဟွာ