ကရာကတ် ၂၅ ဖေဖော်ဝါရီ  

ဗင်နီဇွဲလားအစိုးရသည် အိမ်နီးချင်း ကိုလံဘီယာနှင့် သံတမန်ဆက်ဆံရေးကို ဖြတ်တောက်နေပြီဖြစ်ကြောင်း ဗင်နီဇွဲ လားသမ္မတ နီကိုလပ်မာဒူရိုက ကြေညာလိုက်သည်။

အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒိုက လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများကို ကိုလံဘီယာနှင့် ဘရာဇီးနိုင်ငံတို့မှ တစ်ဆင့် ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ သယ်ယူနိုင်ရန် စတင်ကြိုးပမ်းလာသည့် နောက် စနေနေ့တွင် မာဒူရိုက ထိုသို့ ကြေညာလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဂွိုက်ဒိုသည် ပြီးခဲ့သည့်စနေနေ့က ကိုလံဘီယာနယ်စပ်မြို့ဖြစ်သည့် ကျူကျူတာသို့ ဝင်ရောက်လာခဲ့ပြီး အမေရိကန်က ကူညီထောက်ပံ့သည့် အစားအစာနှင့် ဆေးဝါးများကို ကိုလံဘီယာသမ္မတ အိုင်ဗန်ဒု့ဇ်ထံမှ လက်ခံရယူခဲ့သည်။
မိမိကိုယ်ကို ယာယီသမ္မတအဖြစ် ကြေညာခဲ့သည့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဂွိုက်ဒိုက ၄င်းကိုထောက်ခံသူများသည် ဗင်နီဇွဲလားနိုင်ငံသို့ အကူအညီ အထောက်အပံ့များ စတင်ပို့ဆောင်ပေး လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းသို့ဆောင်ရွက်ခဲ့မှုကို သမ္မတမာဒူရိုက ချက်ချင်းလက်ငင်း တုံ့ပြန်ခဲ့ပြီး ကိုလံဘီယာနိုင်ငံသည် အတိုက်အခံခေါင်း ဆောင်နှင့်အလိုတူ အလိုပါပြုလုပ်ကာ အမေရိကန်ကစစ်ရေးအရ ကျူးကျော်လာမှုကို ထောက်ခံအားပေးနေသည်ဟု စွပ်စွဲလိုက်ကြောင်း သိရသည်။

ဗင်နီဇွဲလားနှင့် ကိုလံဘီယာနယ်စပ်၌ တင်းမာမှုများမြင့်တက်နေပြီး စနေနေ့က အကူအညီအထောက်အပံ့များကို ပို့ဆောင်ရန်ကြိုးပမ်းသည့် ပြည်သူများကို ဗင်နီဇွဲလားတပ်ဖွဲ့ဝင်များက မျက်ရည် ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ ၃၀ဝ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

အင်န်အိတ်ချ်ကေ