မတ် ၃

ဗင်နူအာတူနိုင်ငံတွင် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအမျိုးအစား ၄ ဂျူဒီမုန်တိုင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ်အခြေအနေတစ်ရပ်ကြေညာခဲ့သည်။

အဆိုပါအရေးပေါ်အခြေအနေတစ်ရပ်ကြေညာခဲ့ပြီးနောက်တွင် နိုင်ငံတစ်ဝန်းတွင် ဒုတိယအကြိမ်မြောက် အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း အမျိုးအစား ၂ ကီဗင်တိုက်ခတ်မှုနှင့်ရင်ဆိုင်နေရသည်။

နိုင်ငံအတွင်း ဂျူဒီ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အများအပြားပျက်စီးကာ ပေါ့ဗီလာမြို့တော်အပါအဝင် နိုင်ငံ၏ဒေသ အတော်များများတွင် သစ်ပင်များအမြစ်ကျွတ်ကာပြိုလဲခြင်းနှင့် လျှပ်စစ်မီးပြတ်တောက်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

ဂျူဒီမုန်တိုင်းတိုက်ခတ်ပြီးနောက် ရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်နေဆဲမှာပင် လေပြင်းထန်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းခြင်းသတိပေးချက်များထုတ်ပြန်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြင်းထန်သောရာသီဉတုကြောင့် ပြည်တွင်းနှင့်ပြည်ပလေကြောင်းများ ပျံသန်းမှုဆိုင်းငံ့ထားခြင်း၊ သင်္ဘောများ၊ လှေများနှင့် ငါးဖမ်းလှေများ ပင်လယ်သို့ထွက်ခွာခြင်းမပြုကြရန် အကြံပြုပြောကြားထားသည်ဟု သိရသည်။

နိုင်ငံမြောက်ပိုင်းတွင် ယနေ့မနက်အစောပိုင်းက ပြင်းအား ၆ ဒသမ ၅ ပမာဏရှိငလျင်လှုပ်ခဲ့သော်လည်း ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို