ဗန်းမော် ၁၇ ဒီဇင်ဘာ

 

ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မန္တလေး-ရွှေကူ-ဗန်းမော် ကားလမ်ပေါ်ရှိ ဗန်းမော်မြို့နယ် စီဟဲကျေးရွာ ၅ မိုင်တံတားကို ပြင်ဆင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

 

ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းမှစတင်၍ တံတားပြင်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြရာ မြစ်ကြီးနာမြို့ တံတားဦးစီးဌာန၊ တံတားတည်တောက်ရေး အထူးအဖွဲ့(၁)က တာဝန်ယူ တည်ဆောက်မည် ဖြစ်သည်။

 

89521

 

ဒီဇင်ဘာ ၁၇/၁၈ ရက် ညများတွင် ည ၈ နာရီမှ နံနက် ၄ နာရီအထိ ကားများကို ပိတ်ထားပါမယ်၊ အရေးပေါ်ကားများကို လွှတ်ပေးမယ်၊ သစ်သားပြားခင်း၍ လမ်းလုပ်ပေးမယ်။ လုံးဝပိတ်မယ်ဆိုတာ မဟုတ်ပါ၊ ဆိုင်ကယ်များ သွားလို့ရပါတယ်။ လက်ရှိတံတားကို ၂ ပေ မြှောက်မှာဖြစ်တယ်၊ ၂ ပေလောက် မြှောက်မှ အောက်မှာ တံတားဆောက်လို့ရမှာ၊ အောက်ကမြေကြီး အကုန်ဖယ်ထုတ်လိုက်မယ်၊ ယခင် ပေ ၇၀ နဲ့ ယခု ပေ ၆၀ စုစုပေါင်း ပေ ၁၃၀ ဘေလီလုပ်မယ်၊ ယနေ့ည တံတားမြှောက်လျှင် ၁၂ ဘီးယာဉ်များ ပေးမဖြတ်တော့ဘဲ ခြောက်ဘီးယာဉ်များ ပေးဖြတ်မယ်၊ ၁၂ ဘီးယာဉ်ကဲ့သို့ ယာဉ်ကြီးများ ပိတ်ထားခြင်းကို နောက်လ ၁၅ ရက်အထိ တောင်းထားတယ်" ဟု တံတားတည်ဆောက်ရေး အထူးအဖွဲ့(၁)၊ အငယ်တန်းအင်ဂျင်နီယာ တစ်ဦးကပြောသည်။

 

အဆိုပါ တံတားပြင်ဆင် တည်ဆောက်ခြင်းလုပ်ငန်းကို လာမည့်ဧပြီလ နောက်ဆုံးပတ်အတွင်း ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

 

ဆီမီးခုံ-နန်းရီ