ဗန်းမော်၊ တာချီလိတ်နှင့် မိုင်းတုံမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ဇူလိုင် ၃၀  

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၈ ရက် ညနေ ၅ နာရီခွဲတွင်  ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ ဦးကြီးထိန်နန်လမ်းတွင် စိုးထက်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလို ကိုလည်းကောင်း၊

 

အလားတူ ဇူလိုင် ၂၉ ရက် ညနေ ၃ နာရီခွဲတွင်  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)၊ မြို့ရှောင်လမ်းတွင် စိုင်းဝန်းမီး မောင်းနှင်ပြီး စိုင်းရှဲန် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၂,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ နမ့်ဟူးခွန်ကျေးရွာအုပ်စု၊ ပါချီးကျေးရွာအနီးတွင် မသင်္ကာဖွယ် အမျိုးသား ၂ ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ၎င်းတို့သယ်ဆောင် လာသည့် ကျောပိုးအိတ် ၂ လုံးအားပစ်ချ၍ ထွက်ပြေးသွားသောကြောင့် ကျောပိုးအိတ်များအား ဖွင့်ဖောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၉,၂၀၀  ကိုလည်းကောင်း စစ်ဆေးတွေ့ရှိရ သောကြောင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)