ဗန်းမောက်    နိုဝင်ဘာ  ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် တွင် ဗန်းမောက်-ဝန်းသို ကားလမ်းမပေါ်ရှိ အောင်သာကုန်း ချောင်းကူးတံတားကြီးကို တည်ဆောက်လျှက်ရှိရာ မကြာမီပြီးစီးတော့မည်ကြောင်း သိရသည်။

 

အဆိုပါ ချောင်းကူးတံတားကြီးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေ (၃၉၁ ဒဿမ ၁၈) သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၂၀ ဇန်နဝါရီ ၁ရက်နေ့က စတင်တည်ဆောက်ခဲ့သော ကမ်းကပ်ခုံ နှစ်ခုံ၊ ရေလယ်တိုင် နှစ်တိုင် ၊ ရေလည်ကင်းလွတ် အမြင့် ၁၅ပေ၊ အကျယ်ပေ၂၀၊ အရှည်ပေ၁၈၀ ၊ လက်ရမ်းသံပေါင်၊ သံကူကွန်ကရစ် ကြမ်းခင်း တံတားကြီးဖြစ်သည်။

 

ထိုတံတားကြီး ပြီးစီးသွားပါက ဗန်းမောက်မြို့နယ်တောင်ပိုင်းရှိကျေးရွာပေါင်း(၄၈)ရွာတို့ သာမက ဗန်းမောက်မြို့နယ်နှင့် နယ်ချင်းဆက်စပ်နေသော ဝန်းသို၊ ကောလင်းမြို့နယ်များသို့ စီးပွားရေး၊ လူမူရေး၊ ပညာရေး၊ ကုန်ကူးသန်းရောင်းဝယ်ရေးတို့ အချိန်တိုအတွင်း သွားလာရေး လွယ်ကူကောင်းမွန် လာတော့မည် ဖြစ်သည်။

 

လှိုင်ဘွား(ဗန်းမောက်)