ဗန်းမောက်၊   ၅   ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်နှင့် ဝန်းသိုမြို့နယ်သို့ ဆက်သွယ်ထားသော အောင်သာကုန်း တံတား မကြာမီဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားကို ဗန်းမောက် မြို့နယ်ကျေးလက်လမ်းဦးစီးမှူးဌာနမှ တာဝန်ယူဆောက်လုပ်ခဲ့သော အရှည်ပေ (၁၈၀)၊ အကျယ်(၁၈)ပေ အာစီကွန်ကရစ် တံတားဖြစ်ပြီး ငွေကျပ်သိန်း(၄၂၀)ကုန်ခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကုန်ကျခံဆောက်လုပ်ခဲ့သည့် ယင်းတံတားမှာ ဗန်းမောက်မြို့နယ်နှင့် ဝန်းသိုမြို့သို့ ဆက်သွယ်ထားသော မြို့နယ်ချင်းဆက်လမ်းပေါ်တွင် တည်ရှိနေ သဖြင့် တံတားပြီးစီးသွားပါက ဗန်းမောက်နှင့် ဝန်းသိုသွားလမ်းခရီးကို အင်းတော်မြို့နယ်မှ ဖြတ်သွားရန် မလိုတော့ဘဲ အချိန်အနည်းငယ်အတွင်း လိုရာခရီးကို သွားလာနိုင်တော့မည်ဖြစ်သဖြင့် ဗန်းမောက် မြို့နယ်သူ မြို့နယ်သားများက ဝမ်းသာလျက်ရှိကြောင်း  သိရသည်။

လူအောင်(ကသာ)