ဗန်းမော်    ၆    နိုဝင်ဘာ   


ကချင်ပြည်နယ် ဗန်းမော်မြို့၌ “ကလေးအလုပ်သမားပပျောက်ရေး” ပြည်သူ့စကားဝိုင်း (Public Talk) အခမ်းအနားကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲက  ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
    
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ထွန်းက ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စရပ်များကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ 

 

mdn


ဆက်လက်၍ ဗန်းမော်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆွေဆွေဝင်း၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ကြည်သာဆွေ၊ ဗန်းမော် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမြင့်နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ကျော်မိုးနိုင်တို့က “ကလေးအလုပ်သမား ပပျောက်ရေး” ခေါင်းစဉ်ဖြင့်  ပြည်သူ့စကားဝိုင်း စတင်ဆွေးနွေးကြရာ တက်ရောက်လာသည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ၊ ပညာကျော် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ဗန်းမော်မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့တို့က  မေးမြန်းဆွေးနွေးရာတွင် (၁၄) နှစ်အောက် ကလေးများအား အလုပ်မခိုင်းရဘူး၊ အလုပ်လုပ်ခိုင်းလျှင် ဘယ်လိုဥပဒေနှင့်အရေးယူမလဲ၊ ပညာသင်ယူရမည့်အရွယ်မှာ အလုပ်ခွင်သို့ ရောက်နေရတာ ဘာကြောင့်လဲ၊ ကလေးသူငယ်ရပိုင်ခွင့်နှင့် အခွင့်အရေးများအကြောင်း စသည့်ဖြင့် မေးမြန်းဆွေးနွေးခဲ့ကြကာ တာဝန်ရှိသူများတို့က အသီးသီးပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
                
ဗန်းမော်(ပြန်/ဆက်)

 

mdn