နေပြည်တော် ၄   ဖေဖော်ဝါရီ 

 

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမော်ခရိုင် နမ့်ဖားအဆိုပြု ကြိုးပြင်ကာကွယ်တော အတွင်းမှ သစ်တန်ချိန် ၂၂ ဒသမ ၁၄၀၆ တန်ရှိ ပိုင်ရှင်မဲ့ ကျွန်းသစ်နှင့် ကျွန်းခွဲသား စုစုပေါင်း (၁၅၂၅)လုံး၊ ပတ်လွှသစ်ခွဲစက်ငယ် (၃) လုံးနှင့် ဆက်စပ်ပစ္စည်းများအား ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက ဗန်မော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

 

ဖြစ်စဉ်နှင့်စပ်လျဉ်း၍ တရားမဝင် သစ်ခိုးထုတ်နေသူများအား ဖမ်းဆီးရမိရေးနှင့် နယ်မြေ ရှင်းလင်းဆောင်ရွက်ခြင်းအား လုံခြုံရေး အခြေအနေအရ ဒေသခံ တာဝန်ရှိသူများ၏ လုံးခြုံရေး အကူ အညီရယူ၍ ဆောင်ရွက်လျက်ရှိပြီး သိမ်းဆည်းရမိ သစ်နှင့်ဆက်စပ်ပစ္စည်းများအား လုံခြုံရာသို့ အမြန်ဆုံးသယ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

ဟန်လင်းနိုင်