ဗန်းမောက် ၁၂ ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ ကျောက်တိုင်ကွင်း၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့ နံနက် ၅ နာရီ မိနစ် ၂၀ က အလံတင်အခမ်းအနားကို ကျင်းပသည်။

 

852

 

ဆက်လက်၍ ယနေ့ နံနက် ၇ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဗန်းမောက် အ.ထ.က တီးဝိုင်းတို့မှ ဦးဆောင်၍ တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြပြီး နိုင်ငံတော်သမ္မတထံမှ ပေးပို့သော (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ဖတ်ကြားခဲ့သည်။

 

852

 

အခမ်းအနားသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းရွှေနှင့် ဦးညီညီဟန်၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကျေးရွာ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူ စုစုပေါင်း ၇၅၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက (၇၃)နှစ်မြောက် ပြည်ထောင်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

 

ကျော်စွာ (ဗန်းမောက်)