ဗန်းမောက် အောက်တိုဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံ ဖွင့်ပွဲကို အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ အောက်ဆီဂျင်စက်အား ဗန်းမောက်မြို့နယ်ရှိ ရွှေသတ္တု တူးဖော်ရေးကုမ္ပဏီးများ၏ မတည် ထည့်ဝင်ငွေများနှင့် အလှူရှင် ပြည်သူများ ထည့်ဝင်ငွေ သိန်း ၈၀၀ ကျော်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး AGGC ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာများက တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းစက်မူဇုန်ထုတ် MINNUO စက်အမျိုးအစားဖြစ်ပြီး တစ်နာရီလျှင် 40L ထုတ်လုပ်နိုင်ကာ တစ်ရက်လျှင် 40L အိုးကြီး ၈၀ ကျော် ထုတ်လုပ်နိုင်ကြောင်း သိရသည်။
လိူင်ဘွား(ဗန်းမောက်)


