ဗန်းမောက် ၃၁ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ဇလုံတောင်တက်လမ်း၊ ယာဉ်ရပ်နား စခန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဇလုံတောင်ခြေရင်း နေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါယာဉ်ရပ်နားစခန်းသည် ယာယီသာဖြစ်၍ နိုဝင်ဘာလကုန်တွင် သတ်မှတ်နေရာ၌ ပြောင်းရွှေ့ ဖွင့်လှစ်မှာဖြစ်ပြီး ယခုလို အလျှင်အမြန် ဆောင်ရွက်ရခြင်းသည် နေ့စဉ်ဘုရားဖူးများ လာရောက် လျက်ရှိနေသဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ဇလုံတောင်တက် ကားသင်းဥက္ကဋ္ဌ ဦးဝင်းနိုင်မှ ပြောသည်။

 

ဗန်းမောက်မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးမင်း၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းရွှေနှင့် ဇလုံတောင်တက်ကားသင်းဥက္ကဋ္ဌ ဦးဝင်းနိုင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ခဲ့သည်။
လူအောင်(ကသာ)

 

mdn