ဗန်းမောက် သြဂုတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံအင်အုပ်စု မကျီးကုန်းကျေးရွာတွင် စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ ယခုအခါ ၆၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ကြောင်း သိရသည်။
တောင်အမြင့်၌ ရွာတည်ထားသော မန်ကျီးကုန်းကျေးရွာသည် နွေရာသီတွင် ဒေသခံပြည်သူများ ရေအခက်အခဲများ များစွာရှိခဲ့ကြပြီး ရေရှားပါးမှုဒဏ်ကိုခံကြရသောကြောင့် ရေရှားပါးမှု ဒဏ်မှ ကင်းဝေးစေရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ(၁၇.၃)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော Tech Friends ကုမ္ပဏီမှ တာဝန်ယူကာ သြဂုတ်လ ၁ ရက်နေ့မှ စတင်ပြီး မိုးတေတောင်ပေါ်ရှိ နမ့်တေချောင်းတွင်အလျား ၂၅ပေ၊ အနံ ၅ပေနှင့်အမြင့် ၃ပေရှိရေတားတံမံကန်အားတည်ဆောက်ကာPVC ၂လက်မပိုက်လုံးဖြင့် အရှည်၃မိုင်ဝေးသော မန်ကျီးကုန်းကျေးရွာ ရွာအလယ်တွင် တည်ဆောက်ထားသော အလျား၁၅ပေ၊အနံ၁၀ပေနှင့် အမြင့်၇ပေ ရေဂါလန် (၅၀၀၀)ဆံ့ကန်သို့ စိမ့်စမ်းရေများ သွယ်တန်းခြင်းလုပ်ငန်းကိုဆောင်ရွက်နေကြကြောင်းသိရသည်။
အဆိုပါ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်းပြီးစီးသွားပါက မန်ကျီးကုန်းကျေးရွာရှိ အိမ်ထောင်စု(၁၀၂)စုမှ လူဦးရေ(၆၀၀)ကျော်နှင့်ကျွဲ နွားတိရိစ္ဆာန်များအတွက်ချိုးရေနှင့်သောက်သုံးရေ သာမကမီးဘေးအန္တရာယ်များကြရောက်လာပါကအသုံးပြရန်စိမ့်စမ်းရေများရရှိလာတော့မည်ဖြစ်၍ရေရှားပါးမှုဒဏ်မှကင်းဝေးလာတော့မည်ဖြစ်ကြောင်းသိရသည်။
လိူင်ဘွား(ဗန်းမောက်)


