ဗန်းမောက် ၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ် နားမကောက်ကျေးရွာတွင် သောက်သုံးရေ ရရှိရေး စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများ ပြီးစီးပါက အိမ်ခြေ ၃၈ အိမ်၊ လူဦးရေ ၁၉၉ ဦးတို့အား သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဦးစီးမှူး ဦးအောင်မြင့်သန်း ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကျေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် အရှည်နှစ်မိုင် စိမ့်စမ်းရေသွယ်တန်းခြင်း၊ အလျား ၂၅ပေ၊ အနံ ၅ပေနှင့် အမြင့် ၃ ပေ ရေတားတမံပြုလုပ်ခြင်း၊ ဂါလန် ၅၀ဝ၀ ဆံ့ ရေကန် တည်ဆောက်ခြင်း ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် ၁၇ ဒသမ ၃ သန်းဖြင့် အောင်ပြည့်မာန် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


