ဗန်းမောက် ၁ စက်တင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် သမိုင်းဝင် ဣစ္ဆာသယ ဇလုံတောင်တွင် ယနေ့ နံနက်ပိုင်းက အဆိုပါ ဇလုံတောင်ခြေ C.B.T စခန်းအနီးတွင် ကသာအနောက်သစ်ထုတ်ရေးဒေသ၏ ဇလုံတောင် အပန်းဖြေဆင်စခန်ကို ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ဆင်စခန်းအား စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဗန်းမောက်မြို့နယ် ကဒူးလူငယ်အဖွဲ့မှ ရိုးရာအကများဖြင့် ဖျော်ဖြေခဲ့သည်။
ထို့နောက် ဖွင်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ်တရ သစ်ပင်များ စိုက်ပျိုးကြသည်။
နီတိုး


