ဗန်းမောက် ၂၇ ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် နားယောကျေးရွာအနီး တောအတွင်းမှ တရားမဝင်ကျွန်းခွဲသားများနှင့် သစ်ခွဲစက်တစ်လုံး ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

8895

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် နံနက် ၁ဝ နာရီခန့်တွင် ဗန်းမောက်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးရဲဝင်းနိုင် ဦးစီးသောအဖွဲ့သည် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့မှ ရဲအုပ်သောင်းဝင်းအဖွဲ့နှင့် ပူးပေါင်း၍ သက်သေများနှင့်အတူ ဗန်းမောက်မြို့နယ် နားယောကျေးရွာအနီး တောအတွင်း သတင်းအရ ဝင်ရောက်ရှာဖွေစစ်ဆေးရာ တရားမဝင် ကျွန်းခွဲသား (၁၅၆)ချောင်း (၂ ဒသမ ၉၆၁၆ တန်)နှင့် တရားမဝင် သစ်ခွဲစက်တစ်လုံး ရှာဖွေတွေ့ရှိခဲ့သဖြင့် ပိုင်ရှင်အား စုံစမ်းဖော်ထုတ်၍ သစ်တောဥပဒေအရ အရေးယူသွားရန် ဆောင်ရွက်ထားကြောင်း တောအုပ်ကြီး ဦးရဲဝင်းနိုင်ထံမှ သိရသည်။

 

လူအောင်(ကသာ)