ဗန်းမောက်၊   ၂၀   ဇန်နဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ကနန်းဒေသစိပ်၊ နန်းဇားကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင် ဇန်နဝါရီ ၁၉  ရက် မွန်းလွဲပိုင်းက နန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း တွေ့ဆုံဆွေးနွေပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကနန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း နာယက ဆရာတော် အရှင်ဉာဏသဌေ (ကနန်း) ဓမ္မာစရိယက သြဝါဒမိန့်ကြားကာ ဥက္ကဋ္ဌ ဦးကျော်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ကနန်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမူအဖွဲ့မှ နာယက ဆရာတော်များ၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ရပ်မိရပ်ဖများ၊ ကနန်းလူငယ်မောင်မယ်များ စုစုပေါင်း ၅၀ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

လှိုင်ဘွား(ဗန်းမောက်)