ဗန်းမောက် ၃၀ အောက်တိုဘာ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မဲဆန္ဒနယ်မြေအလိုက် မဲရုံသုံး ပစ္စည်းများ ထုတ်ပေးခြင်းကို အောက်တိုဘာ တတိယပတ်မှစတင်၍ ယနေ့အထိ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 

အဆိုပါ မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်ခွဲများက စနစ်တကျစစ်ဆေး၍ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများအား မဲရုံသုံးပစ္စည်း  ၃၂  မျိုးကို ထုတ်ပေးခဲ့ကြောင်း သိရသည်။ 

ဗန်းမောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ  ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပေါင်း ၁၁၁ ရုံတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်း  ၃၂  မျိုးကို ထုတ်ပေးခဲ့ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ မဲဆန္ဒနယ်မြေအလိုက် ကျေးရွာအုပ်စုများအား အဖွဲ့ခွဲ၍ ဆက်လက် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရီထံမှ သိရသည်။ 

ကျော်စွာ(ဗန်းမောက်)