ဗန်းမောက်  ၄  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ပါသက်ကျေးရွာအနီး၊ ပါသက်ချောင်းအတွင်း ရေအိုက်တွင် ငါးမိုင်ခွဲစဉ် လူလေးဦး မိုင်းထိ၍ ဒဏ်ရာရခဲ့ကြကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၃ ရက်  ညနေ ၃ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ဗန်းမောက်မြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူး ခိုင်စိုးထွန်း ဦးစီးသောအဖွဲ့သည် သက်သေများနှင့်အတူ ငါးမိုင်းခွဲစဉ် လူလေးဦး ဒဏ်ရာရကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာနေ ဝေဠု၊ ရဲအောင်သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာနေ ဇော်နိုင်ထွန်း နှင့် ချောက်မြို့နယ်၊ နားရွဲစောကျေးရွာနေ ဇော်ဦးတို့ လေးဦးသည် ဗန်းမောက်မြို့နယ်၊ ပါသက်ကျေးရွာအနီးရှိ ပါသက်ချောင်းအတွင်း ရေအိုက်တွင် ငါးမိုင်းခွဲရန်အတွက် ပြင်ဆင်နေစဉ် ရုတ်တရက်ပေါက်ကွဲပြီး ၎င်းတို့လေးဦး အသီးသီးဒဏ်ရာများ ရရှိသွားသဖြင့် ပေါက်ကွဲစေတတ်သော အရာဝတ္ထုအား ပေါ့ဆစွာအသုံးပြုသူ ဇော်နိုင်ထွန်း၊ဝေဠု၊ရဲအောင်၊ ဇော်နိုင်ဦးတို့ လေးဦးအား ဗန်းမောက်မြို့မ ရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

လူအောင်(ကသာ)