ဗန်းမော်  ၂၀   ဒီဇင်ဘာ 

ကချင်ပြည်နယ် ဗန်းမော်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားကျောင်းသူများအား မလိုလားအပ်သည့် ယာဉ်မတော်တဆထိခိုက်မှု လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်ပေးခြင်းကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၉ နာရီခွဲက ဗန်းမော်မြို့ ကွန်ပျူတာတက္ကသိုလ် ဘက်စုံခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်၊ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မေဖြိုးဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးမှူး ဦးဇော်မျိုးဝင်းက ဆိုင်ကယ်လိုင်စင်များပြုလုပ်ကြရန်နှင့် ယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအားလည်းကောင်း၊ အမှတ်(၁၀ဝ)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးသက်နိုင်ဦးက ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ လိုက်နာဆောင်ရွက်သင့်သည့်အချက်များနှင့် ယာဉ်မတော်တဆမှုဖြစ်စဉ်များအား အသိပညာပေး ဟောပြောခဲ့သည်။

 

a

 

ဆက်လက်၍ဗန်းမော်ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး ဦးမျိုးဇော်ဦးက ကျောင်းသားကျောင်းသူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ မေးခွန်းများမေးမြန်းပြီး ဆုရရှိသူများနှင့် ကံစမ်းမဲပေါက်သည့် ဆရာဆရာမများကို ဆိုင်ကယ်စီးဦးထုပ်များ ပေးအပ်ကာ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများကို ယာဉ်မောင်းလိုင်စင်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)