ဗန်းမော် ၇ အောက်တိုဘာ
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ မဲစာရင်းမူကြမ်းတစ်စုံ ပေးအပ်ခြင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်း စိစစ်ခြင်းသင်တန်းကို အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မဲစာရင်းပြုစုရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးသာဗျောက အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ၊ အတွင်းရေးမှူးများနှင့် မိတ်ဆက်ပေးကြပြီး မြို့နယ်မဲစာရင်းပြုစုရေးလုပ်ငန်း အဖွဲ့ဥက္ကဌ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌက ၂၀၂၀ ပြည့်နှစ် အခြေခံမဲဆန္ဒရှင်စာရင်း မူကြမ်းတစ်စုံကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲစာရင်းပြုစုရေးလုပ်ငန်းအဖွဲ့များသို့ လွှဲအပ်ရာ သက်ဆိုင်သည့် ရပ်ကွက်/ကျေးရွာအုပ်စု မဲစာရင်းပြုစုရေး လုပ်ငန်းအဖွဲ့များမှ လက်ခံရယူကြသည်။
ဆက်လက်၍ ဗန်းမော်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အရာရှိ ဦးစိုင်းညီက အခြေခံမဲဆန္ဒရှင်စာရင်း စိစစ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ သင်တန်းပို့ချပေးပြီး တက်ရောက်လာကြသည့် သင်တန်းသူ/သင်တန်းသားများမှ သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်


