ဗန်းမော် စက်တင်ဘာ ၁၀
ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာရှိ နေအိမ်များသည် ဧရာဝတီမြစ်ရေ ရေတိုက်စားမှုကြောင့် ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့ နေထိုင်နေရသည့် အိမ်ထောင်စု များအား စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေများ ဆက်လက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရေဘေးလွတ်ရာသို့ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရသည့် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာရှိ အိမ်ထောင်စု ငါးစု၊ လူဦးရေ ၃၂ ဦးတို့အား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဌေးနှင့် ဝန်ထမ်းများက သွားရောက်၍ တစ်ဦးလျှင် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ကျပ်၂၁၀၀ နှုန်းဖြင့် စုစုပေါင်းငွေ ကျပ် ၆၇၂၀၀ ကိုလည်းကောင်း၊ အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက် တန်ဖိုး ငွေကျပ် တစ်သိန်းနှုန်းဖြင့် အိမ်ထောင်စု ငါးစုအတွက် ငွေကျပ် ငါးသိန်းကို လည်းကောင်း လက်ဝယ် အရောက် သွားရောက် ထောက်ပံ့ခဲ့သည်။
မြသက်(ပြန်/ဆက်)


