ဗန်းမော်မြို့၌ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကျင်းပ

ဗန်းမော်    ၁    ဒီဇင်ဘာ    

 

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ကျင်းပသည့် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်  နံနက် ၉ နာရီခွဲက ဗန်းမော်မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့် က အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေ၏  ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မြွက်ကြားသည့် မိန့်ခွန်းအား ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာနီလာမောင်က ဖတ်ကြားသည်။

 

ယင်းနောက် ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူ ကျောင်းသား ကျောင်းသူများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်တို့က အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ အခမ်းအနား အပြီးတွင် ခင်းကျင်းပြသထားသော HIV/AIDS ကာကွယ်တိက်ဖျက်ရေးဆိုင်ရာ ကျန်းမာရေး ပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ကိန်းဖြူ (ပြန်/ဆက်)