ဗန်းမော်   ဇန်နဝါရီ    ၂၈

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများသည် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ သိမ်မဟာ သီလရှင်ပရိယတ္တိစာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်ဆရာကြီး၊ ဆရာလေးများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ အပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ကိန်းဖြူ(ပြန်/ဆက်)