ဗန်းမော် ၁၄ မတ်
ကချင်ပြည်နယ် တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ နယ်လှည့်အခမဲ့ တီဘီရောဂါ ရှာဖွေကုသပေးရေး အဖွဲ့သည် ပြည်သူများအား တီဘီရောဂါရှိမရှိ အခမဲ့ ဓာတ်မှန်ရိုက်စစ်ဆေးပေးခြင်း၊ သလိပ်စစ်ဆေး ပေးခြင်း၊ ဆီးချိုသွေးချို ရှိ၊ မရှိ အခမဲ့သွေးစစ်ဆေးပေးခြင်း၊ တီဘီရောဂါရှိသူများကို တီဘီဆေးဝါး အခမဲ့ ကုသပေးခြင်းတို့ကို မတ် ၁၃ ရက် နံနက် ၉ နာရီခွဲက ဟန်းတဲရပ်ကွက် ရိုးကြီးရပ် ရိုးကြီးရွာမကျောင်းတိုက် မဟာသန္တိသုခ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဦးခွန်ဆိုင်(အသိပညာပေးဟောပြောသူ)၊ ဓာတ်မှန်ကျွမ်းကျင် ဦးဆင်ဝါးနော်နှင့် ဒေါ်ခင်နှင်းဆီ (ကျေးလက်ကျန်းမာရေဌာန)တို့က တီဘီရာဂါ၊ HIV ရောဂါ အစရှိသည့် ကျန်းမာရေးဆိုင်ရာ သိကောင်း စရာ များကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ရိ်ုးကြီးရပ်ရှိ ပြည်သူများမှ ကျား ၄၈ ဦး၊ မ ၁၃၉ ဦး၊ စုစုပေါင်း ၁၈၇ ဦးလာရောက် ပြသသည့်အနက် ကျား ၄၀ ၊ မ ၁၀၄ ဦး၊ စုစုပေါင်း ၁၄၄ ဦးတို့က ဓာတ်မှန်ရိုက် စစ်ဆေးခံ ယူခဲ့ကြသည်။
အထွေထွေ လူနာ ကျား ၈ ဦး၊ မ ၃၅ ဦး၊ ပေါင်း ၄၃ ဦးတို့ကို ဆီးချိုသွေးချို ရှိမရှိ သွေးစစ်ဆေးပေးကြကာ ဆေးဝါးများကုသပေးခဲ့ကြပြီး ပြည်သူလေဦးတို့ကိုလည်း သလိပ် စစ်ဆေးပေးခဲ့ကြသည်။
တီဘီ စစ်ဆေးခံသူ ၁၈၇ ဦးအနက် တီဘီဆေးပေးရမည့် လူနာ ကျားသုံးဦး မ တစ်ဦး၊ ပေါင်းလေးဦးတို့ကို တီဘီဆေးဝါးများ အခမဲ့ ကုသပေးခဲ့ကြသည်။
ဝါဝါ (ဗန်းမော်)