နေပြည်တော်၊ ဧပြီ ၂၇  

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်  ဧပြီ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ဗန်းမော်မြို့၊ ရွှေပြည်သာရပ်ကွက်အနီးတွင် ယောရှု မောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၆၅၀ နှင့် ငွေကျပ် ၁ သိန်းတို့ကိုလည်းကောင်း၊ ထို့အတူ ဧပြီ ၂၆ ရက် နံနက် ၇ နာရီတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘိုကလေးမြို့၊ အမှတ်(၅)ရပ်ကွက်၊ သင်္ဘောဆိပ်ကမ်း ဘောတံတားအနီးတွင် နန္ဒအောင်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉,၈၀၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)