နေပြည်တော် ၅ ဖေဖေါ်ဝါရီ 

 

ဗန်းမော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ တပ်မတော်တပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖေါ်ဝါရီ ၃ ရက်က  ဗန်းမော်မြို့နယ်၊ မန်ပုံ ရွာဟောင်းအနီးမှ တရားမဝင်ကျွန်းသစ် (၁၀၂)လုံး (၁၅ ဒသမ ၈၈၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး တရားခံများအားစုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ  သိရသည်။ 

 

ဟန်လင်းနိုင်