ဗန်းမော် ၂၇ ဒီဇင်ဘာ
ကချင်ပြည်နယ် ဗန်းမော်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ " ကျေးလက်ဒေသဖွံ့ဖြိုးရေး " ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ဒီဇင်ဘာ ၂၆ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့နယ် စင့်ကင်ကျေးရွာ ဧရာရွှေကင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦးအောင်ကျော်ထွန်း က ပြည်သူ့စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်း၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမြင့်လှိုင်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံပြည်သူများက ကျေးရွာ၏ လိုအပ်ချက်ဖြစ် သည့် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမှ ဖြည့်စွက်ဆောင်ရွက်ပေးနိုင်ရန် အကြံပြုဆွေးနွေးတင်ပြမှုအပေါ် တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ဒေသခံ ကျေးရွာနေပြည်သူများ အင်အား ၄၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)