မီးငြှိမ်းသတ်ခြင်း အသိပညာပေး ဇာတ်တိုက်ဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီခွဲက ဗန်းမော်မြို့ (၃)မိုင်ရပ်ကွက်ရှိ ဟိန်းအောင်စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်တွင် ဗန်းမော်မြို့နယ် မီးသတ်ဦးစီးဌာနမှ  သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ 
 
မီးငြှိမ်းသတ်ခြင်း သရုပ်ပြလေ့ကျင့်ရာတွင် ဗန်းမော်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင် ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် တွေ့ကြုံလာပါက မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဗူး ကိုင်တွယ်နည်းနှင့် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ အဝတ်စိုဖြင့် မီးငြှိမ်းသတ်နည်းများကို သရုပ်ပြဆောင်ရွက်ကာ ဟိန်းအောင်စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်မှ မန်နေဂျင်းဒါရိုက်တာ ဦးဌေးမင်းစိုးနှင့် ဝန်ထမ်းများက စိတ်ပါဝင်စားစွာ ပါဝင်လေ့ကျင့်ခဲ့ကြောင်း သိရသည်။
 
 
(ခရိုင် ပြန်/ဆက်)