ဗန်းမော်    ဇူလိုင်          ၂

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇူလိုင် ၁ ရက် နံနက် ၈ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့်၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ ကျောင်းအုပ်ကြီး ဦးအောင်သူနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးညီညီဇော်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်၊ မြို့နယ်အားကစားနှင့်ကယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးသက်ပိုင်ထွန်းနှင့် တာဝန်ရှိသူများတို့က သစ်ပင်ပျိုးပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ 

သစ်တောဦးစီးဌာန၏ "ပတ်ဝန်းကျင်ရေရှည်တည်တံ့ကောင်းမွန်ဖို့ ဂေဟာစနစ်ပြန်လည် ပြုပြင်ထိန်းသိမ်းကြပါစို့" ဟူသည့် ဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းဝင်းအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်သာယာလှပရေးတွက် မယ်ဇင် ပျိုးပင်၊ ကံ့ကော်ပျိုးပင်၊ ခရေပျိုးပင်နှင့် မဟော်ဂနီပျိုးပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)