ဗန်းမော် ၂၆ အောက်တိုဘာ
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများ ထိန်းသိမ်း စောင့် ရှောက်နိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားများပေါ်ထွန်းလာစေ ရန် ရည်ရွယ်၍ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲ ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၂၆ ရက် ညနေ ၃ နာရီက ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ မေတ္တာမွန်မင်္ဂလာကန်တော် (ဂေါ်ရာကန်) ၌ ကျင်းပခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို အောက်တိုဘာ ၂၀ ရက်နေ့မှ စတင်၍ ဗန်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတို့က အမျိုးသားလှေလှော်အသင်းများ ၊ အမျိုးသမီးလှေလှော်အသင်းများမှ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။
အောက်တိုဘာ ၂၆ ရက် နံနက် ၉ နာရီတွင် ဗိုလ်လုပွဲများအသီးသီး ယှဉ်ပြိုင်ခဲ့ရာ ဗန်းမော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ များ၊ ဒေသခံပြည်သူများတို့က စည်ကားစွာ တက်ရောက်အားပေးခဲ့သည်။
အမျိုးသားလှေလှော်ပြိုင်ပွဲ(၂၁)တက်တွင် နောင်ခို(ခ)အသင်းမှ ပထမဆု၊ ခွန်သာ(က) အသင်းမှ ဒုတိယဆု၊ နမ့်ဖား(က)အသင်းမှ တတိယဆု၊ အမျိုးသားလှေလှော်ပြိုင်ပွဲ (၁၇)တက် တွင် နောင်ခို(ခ) အသင်းမှ ပထမဆု ၊ နောင်ခို(က)အသင်းမှ ဒုတိယဆု ၊ ကုန်းခါးအသင်းမှ တတိယဆု၊ အမျိုးသားလှေလှော်ပြိုင်ပွဲ (၉)တက်တွင် နောင်ခို(ခ)အသင်းမှ ပထမဆု၊ နမ့်ဖား(ခ) အသင်းမှ ဒုတိယဆု ၊ကုန်းခါးအသင်းမှ တတိယဆုများကိုလည်းကောင်း အမျိုးသမီး လှေလှော်ပြိုင်ပွဲ(၁၇) တက်တွင် စင့်ကင်အသင်းမှ ပထမဆု ၊ နမ့်ဖားအသင်းမှ ဒုတိယဆု ၊ ဆိုင်ကင်အသင်းမှ တတိယဆု၊ အမျိုးသမီးလှေလှော်ပြိုင်ပွဲ(၉)တက်တွင် နောင်ခိုအသင်းမှ ပထမဆု၊ နမ့်ဖားအသင်း မှ ဒုတိယဆု ၊စင့်ကင်အသင်းမှ တတိယဆုအသီးသီးရရှိခဲ့ပြီး အမျိုးသားလှေလှော် ပြိုင်ပွဲ (၂၁)တက်တွင် အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို နောင်ခို(ခ)အသင်းမှ ရရှိခဲ့သည်။
ယင်းနောက် မြန်မာ့ရိုးရာလှေသဘင်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြသော အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းနှင့် ဆုရရှိသောအသင်းများအား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း ခရိုင်အုပ်ချုပ်ရေး မှူး ဦးထွေးမြင့် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တို့က ဆုများအသီးသီး ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
မျိုးလှိုင်(ခရိုင်ပြန်/ဆက်)