ဗန်းမော် စက်တင်ဘာ ၂၃
ကချင်ပြည်နယ် ဗန်းမော်တွင် ဒေသခံပြည်သူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီက ဗန်းမော်မြို့ အလယ်ရပ်ကွက်ရှိ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဘောက်နော်နှင့်ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား အသစ်ဆောင်ရွက်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း(၁၆)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း အသစ်ဆောင်ရွက်ပေးခြင်း၊ မွေးတိုးများဖြည့်သွင်းပေးခြင်းနှင့် သေဆုံးစာရင်းများကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်ပေးခြင်း၊ အိမ်ထောင်စုလဲလှယ်ပေးခြင်း စသည့် အိမ်ထောင်စု(၁၂)စုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်ခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဘုန်းမော်မိုးနှင့်အဖွဲ့က ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ဒေသခံ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးမှုနှင့် ပတ်သက်၍ အသိပညာပေး ပြောကြားခဲ့ ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)